ဖင်လန်စာသင်ကျောင်း ပစ်ခတ်မှု ၃ ဦးဒဏ်ရာရ

Your browser doesn’t support HTML5

ဖင်လန်နိုင်ငံ တောင်ပိုင်းရှိ အလယ်တန်းကျောင်းတကျောင်းမှာ အသက် ၁၂ နှစ်အရွယ် ကျောင်းသားတဦးက ပစ်ခတ်ခဲ့တဲ့အတွက် အခြားကျောင်းသားသုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖင်လန်ရဲတပ်ဖွဲ့က ပြောပါတယ်။ Helsinki ရဲ့ ဆင်ခြေဖုံးရပ်ကွက် Vantaa ရှိ ကျောင်းသား ၈၀၀ ခန့်တက်ရောက်နေတဲ့ အလယ်တန်းကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။