ထိုင်ဝမ်ငလျင် အပျက်အစီးများ

ထိုင်ဝမ်ကျွန်း ငလျင်အတွင်း ဝှာလီယံမြို့က အထပ်မြင့်အဆောက်အဦနံရံမှာ အလုပ်သမားတွေ လိုအပ်တာတွေ လုပ်ဆောင်နေကြတာ တွေ့ရပါတယ်။ (ဧပြီ ၄၊ ၂၀၂၄)

ပင်ထန်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်တဲ့ ဓာတ်ပုံထဲမှာတော့ တာရိုကိုအမျိုးသားဥယျာဉ်ကနေ အသက်မဲ့ရုပ်အလောင်းကို သယ်ထုတ်လာကြတာ တွေ့ရပါတယ်။ ထိုင်ဝမ်ငလျင်လှုပ်သွားခဲ့ပြီးနောက် ပျောက်ဆုံးသူတွေကို လိုက်လံရှာဖွေပြီး ကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတာမှာ အသက်ရှင်ကျန်ရှိသူတွေ ကယ်ဆယ်နိုင်သလို အသက်မဲ့ ခန္ဓာတွေလည်း ရှာဖွေတွေ့ရှိပါတယ်။ ဧပြီ ၄၊ ၂၀၂၄ 

ထိုင်ဝမ်ဝန်ကြီးချုပ် ချန်ချီအမ်ယန်က ငလျင်ဘေးသင့်သူတွေကို လိုက်လံအားပေးစကား ပြောကြားခဲ့ပါတယ်။ နေအိမ်တွေမှာ နေထိုင်လို့မရသူတွေအတွက် ယာယီကယ်ဆယ်ရေးစခန်းတွေ ဖွင့်လှစ်ပေးထားတာပါ။ ဧပြီ ၄၊ ၂၀၂၄

ငလျင်အတွင်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင် အဆောက်အဦလည်း ထိခိုက်သွားခဲ့ပြီး ဆိုင်ရှင်တွေက ပစ္စည်းတွေကို သယ်ထုတ်ယူနေရပါတယ်။ (ဧပြီ ၄၊ ၂၀၂၄)

ထိုင်ဝမ်မှာ ငလျင်လှုပ်သွားပြီးနောက် ဝှာလီယံမြို့ စက်ဘီးဆိုင်ထဲကနေ ပစ္စည်းတွေ သယ်ထုတ်ယူနေတာပါ။ ငလျင်အတွင်း အဆောက်အဦ ထိခိုက်ပျက်စီးသွားခဲ့လို့ လူတွေ ဆက်လက်နေထိုင်လို့ မရတဲ့ အခြေအနေ ဖြစ်ပါတယ်။ (ဧပြီ ၄၊ ၂၀၂၄)

ထိုင်ဝမ်ငလျင်ကြောင့် တောင်ပြိုပြီး မိုင်းတွင်းလုပ်သားတွေ တောင်ပေါ်မှာ ပိတ်မိနေကြတာကို ဒရုန်းကင်မရာနဲ့ ရိုက်ကူးထားတာပါ။

ထိုင်ဝမ်ကျွန်း ဝှာလီယံမြို့မှာ ငလျင်ဒဏ်ကြောင့် မြေပြိုကျတဲ့ တောင်စောင်းတဝှက် ကယ်ဆယ်ရေးရဟတ်ယာဉ် ဝဲပျံပြီး ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ရှာဖွေနေပါတယ်။ (ဧပြီ ၄၊ ၂၀၂၄)

တာရိုကို အမျိုးသားဥယျာဉ်မှာ ပိတ်မိနေခဲ့တဲ့ အလုပ်သမား ၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီးနောက် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးခဲ့ပါတယ်။ နှစ်အစိတ်အတွင်း အပြင်းထန်ဆုံးဖြစ်တဲ့ ငလျင်ကြီးလှုပ်သွားပြီးနောက် ပျောက်ဆုံးနေတဲ့ သူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ လိုက်လံရှာဖွေနေရဆဲ ဖြစ်ပါတယ်။ ဧပြီ ၄၊ ၂၀၂၄