မြန်မာနယ်စပ် တရားမဝင် ကုန်သွယ်မှုတွေအားကောင်း

Your browser doesn’t support HTML5

တရားဝင် နယ်စပ်ကုန်သွယ်ရေး မရှိသလောက် ဖြစ်နေတဲ့အခြေအနေမှာ မှောင်ခိုစျေးကွက်ကိုပဲ အားထားနေရတယ်လို့ ပြည်တွင်းက နယ်စပ်ကုန်သည်တွေက ပြောပါတယ်။ ငွေတန်ဖိုး ပိုပြီး ကွာဟလာတာကြောင့်လည်း ပြည်တွင်းမှာ ကုန်စျေးနှုန်းတွေ ဆက်ပြီး တက်လာနိုင်တာကို လုပ်ငန်းရှင်တွေက ခန့်မှန်းထားတာပါ။