အစ်ပွဲတော် ကမ္ဘာအနှံ့ ဆင်နွှဲ

အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရာမာဒန် ဥပုဒ်လအဆုံး အစ်နေ့မှာတော့ ဂျာကာတာမြို့တော်က လမ်းမကြီးတွေကို ပိတ်ပြီး အစ်နေ့ဝတ်ပြုပွဲကို ကျင်းပခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်ဦးရေအများဆုံး ဖြစ်ပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara

ရာမာဒန်ဥပုဒ်လအဆုံး အစ်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတမြို့တော်က မွတ်စလင်အမျိုးသမီးတွေ အတူတကွ စုဝေးဝတ်ပြုခဲ့ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံက ကမ္ဘာမှာ မွတ်စလင်ဦးရေအများဆုံး ဖြစ်ပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara

အစ္စလာမ်ဘာသာဝင်တွေ အထွဋ်အမြတ်ထားတဲ့ ရာမာဒန် ဥပုဒ်လအဆုံး အစ်နေ့မှာတော့ တရုတ်နိုင်ငဘေကျင်းမြို့တော်မှာရှိတဲ့ နျူးဂျီဗလီမှာ မွတ်စလင်အမျိုးသားတွေ လာပြီး ဝတ်ပြုနေကြတာပါ။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Tatan Syuflana

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာရှိတဲ့ ခရိယာန်ဘုရားကျောင်း ပတ်ပတ်လည်လမ်းတွေပေါ်မှာ အစ်နေ့ဝတ်ပြုသူတွေကို တွေ့ရတာပါ။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Dita Alangkara

ဘာလီကျွန်းမှာလည်း အစ်နေ့ဝတ်ပြုသူတွေက ဒန်ပါဆာမြို့ရဲ့ ကွင်းပြင်တခုမှာ စုဝေးခဲ့ကြတာပါ။ (ဧပြီ ၁၀၊ ၂၀၂၄) အေပီဓာတ်ပုံ/ Firdia Lisnawati

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ဒေသ ကယ်ဇွန်စီတီမြို့ ၊ ကယ်ဇွန် အောက်မေ့ဖွယ်အဝိုင်းမှာ မွတ်စလင်တွေ အစ်နေ့ ဝတ်ပြုပွဲ ကျင်းပခဲ့ကြပါတယ်။ (ဧပြီ ၁၀၊ ၂၀၂၄) ရိုက်တာ / Lisa Marie David

ဂါဇာဒေသမှာ အစ်နေ့မရောက်ခင် တရက်ကပဲ ဂျော်ဒန်လေတပ်က အကူအညီအထုပ်တွေကို လေထီးတွေနဲ့ လာကျဲချပေးခဲ့တာပါ။ (ဧပြီ ၉၊ ၂၀၂၄) ရိုက်တာ / Alaa Al Sukhni

အစ်နေ့မတိုင်ခင် တရက်အလိုကပဲ ပါကစ္စတန် ကရာချီမြို့မှာ အမျိုးသမီးတဦး လက်ပန်းအလှ ဒန်းဆိုးနေတာ ဖြစ်ပါတယ်။ (ဧပြီ ၉၊ ၂၀၂၄) ရိုက်တာ / Akhtar Soomro