သင်္ကြန်အကြတ်နေ့ မဲဆောက်-မြဝတီ နယ်စပ်အခြေအနေ

Your browser doesn’t support HTML5

ထိုင်း-မြန်မာနယ်ခြား အဓိကကျတဲ့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်း KNU၊ PDF နဲ့ ပူးပေါင်းတပ်တွေက ကြေညာခဲ့ပြီး မြဝတီမြို့ရဲ့ အုပ်ချုပ်ရေး အနာဂတ်ကို ဘယ်လို ပုံဖေါ်မလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပြီး အခုအထိ ရေရေရာရာ မရှိသေးပါဘူး။

သင်္ကြန်အကြတ်နေ့ မဲဆောက်-မြဝတီ နယ်စပ်အခြေအနေ

ထိုင်း-မြန်မာနယ်ခြား အဓိကကျတဲ့ မြဝတီမြို့ကို ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်း KNU၊ PDF နဲ့ ပူးပေါင်းတပ်တွေက ကြေညာခဲ့ပြီး မြဝတီမြို့ရဲ့ အုပ်ချုပ်ရေး အနာဂတ်ကို ဘယ်လို ပုံဖေါ်မလဲဆိုတဲ့ မေးခွန်းထုတ်မှုတွေ ရှိနေပြီး အခုအထိ ရေရေရာရာ မရှိသေးပါဘူး။ လောလောဆယ် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေပြီး စစ်ကောင်စီဘက်က မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်နေပြီး KNU ဘက်ကတော့ ပြန်လည်မောင်းထုတ် နိုင်ခဲ့တဲ့အကြောင်း ရိုက်တာ သတင်းဌာနကို ပြောဆိုပါတယ်။ သင်္ကြန်အကြတ်နေ့ မဲဆောက်-မြဝတီနယ်စပ် အခြေအနေ VOA မြန်မာပိုင်းအစီအစဉ်က ကိုအောင်အောင် သတင်းပေးပို့ထားပါတယ်။