“ထိုင်း ဆွန်ခရန် သင်္ကြန်ပွဲတော်” ဓာတ်ပုံသတင်း

ဘန်ကောက် ညမုန့်ဆိုင်တွေ၊ ဘားတွေနဲ့ စည်ကားတဲ့ ၁၁ လမ်းမှာ ရေပက်ကစားနေကြတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

တည်းခိုခန်းတွေ၊ ဈေးဆိုင်တွေရှိတဲ့ အဆော့ဘူတာတဝိုက်လမ်းတွေမှာတော့ နိုင်ငံခြားဧည့်သည်တွေ အတွေ့ရ များပါတယ်။ အဆော့၊ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ပရာချင်ဘူရီခရိုင်မှာလည်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲနေကြပါတယ်။ ထိုင်းသင်္ကြန်မှာက ရေပုံး၊ ရေခွက်တွေ၊ ပလပ်စတစ်ရေပိုက်တွေနဲ့ ရေကစားကြတာပါ။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ဘန်ကောက်မြို့လယ်တခုလုံးပဲ ရေကစားသူတွေနဲ့ အပြည့်ဖြစ်နေပါတယ်။ ဒီနှစ်သင်္ကြန်က အရင်နှစ်တွေထက် ပိုစည်ကားပြီး နိုင်ငံခြားခရီးသွားတွေလည်း အများအပြား ရောက်နေကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ထိုင်းကနာမည်ကျော် အငှားကားလေးတွေဖြစ်တဲ့ တုတ်တုတ်တွေနဲ့ ရေပက်ခံထွက်ကြသူတွေကိုလည်း တွေ့ရပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ထိုင်းနိုင်ငံမှာ အရင်ကတော့ ဧပြီ ၁၃ ရက်နေ့ကစတင်ပြီး ဆွန်ခရမ် ရေသဘင်ပွဲတော်ကို ဆင်နွှဲနေကြပေမဲ့ ဒီနှစ်တော့ တရက်ကြိုပြီး စတင်ခဲ့ပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၄၊ ၂၀၂၄ (ရိုက်တာ/ Chalinee Thirasupa)

ထိုင်းနိုင်ငံရဲ့ ဆွန်ခရမ်ပွဲတော်ဟာ နိုင်ငံတကာမှာလည်း လူသိများပြီး နှစ်စဉ် ခရီးသွားဧည့်သည်တွေ လာရောက်ဆင်နွှဲကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၄၊ ၂၀၂၄ (ရိုက်တာ/ Chalinee Thirasupa)

ထိုင်းသင်္ကြန်မှာ မီးသတ်ပိုက်ကိုင်သူတွေက တရားဝင်တာဝန်ပေးခံရတဲ့ ဝန်ထမ်းအရာရှိတွေ ဖြစ်ကြပါတယ်။ စုရုံးကခုန်နေကြသူတွေကို မီးသတ်ပိုက်နဲ့ ရေဖြန်းပေးနေတာပါ။  ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ထိုင်းလို ဒင်းဆာပွန်းလို့ခေါ်တဲ့ ထုံးကျောက်အမှုန့်က ထိုင်းမှာ သင်္ကြန်ကျဖို့ဆို သိကိုသိထားရမယ့် ပစ္စည်းဖြစ်ပါတယ်။ မျက်နှာကို နေမလောင်အောင်လိမ်းတာလည်း ဖြစ်သလို၊ ပွဲတော်အခမ်းအနားတွေမှာလည်း အတိတ်ကောင်းဆောင်တဲ့ နမိတ်နဲ့ လိမ်းခြယ်အသုံးပြုကြပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ဘန်ကောက်က ကားကျပ်တဲ့ လမ်းတွေမှာတော့ ရေကစားသူတွေက ကားနဲ့ ရေပက်ခံတာမျိုးမဟုတ်ပဲ လမ်းလျှောက်ပြီး လမ်းတလျှောက်တွေ့သူတွေနဲ့ အပြန်အလှန် ရေပက်ကစားကြတာ ဖြစ်ပါတယ်။ ဘန်ကောက် ဧပြီ ၁၃၊ ၂၀၂၄

ထိုင်းဆွန်ခရန်မှာ ရေကစားကြတဲ့အခါ ရေသေနတ်တွေကို အများဆုံးအသုံးပြုကြပြီး အရောင်စုံ၊ ဒီဇိုင်းစုံ ရေသေနတ်မျိုးစုံကို တွေ့ရပါတယ်။ ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ထိုင်းကို အိတ်တလုံးနဲ့ လာပြီး စတည်းချ နေရာအနှံ့ခရီးမျိုးစုံ သွားကြသူတွေ အတည်းများတဲ့ ခေါက်ဆန်လမ်း ဖြစ်ပါတယ်။ ဒီနေရာမှာ သင်္ကြန်ပွဲတော်အတွင်း ကြက်ပျံမကျ စည်းကားပါတယ်။  ဘန်ကောက်၊ ဧပြီ ၁၃၊ ၂၀၂၄

ဒီနှစ်ဆွန်ခရန်ပွဲတော်ကို လာလည်သူ နိုင်ငံခြားခရီးသွား ၅ သိန်းကျော်ရှိပြီး ထိုင်းဘတ် ၂၄ ဘီလျံကျော်၊ ဒေါ်လာနဲ့ဆို ဒေါ်လာ ၆၅၅ သန်း ဝင်ငွေရလိမ့်မယ်လို့ ထိုင်းခရီးသွားလုပ်ငန်းက ခန့်မှန်းထားပါတယ်။

ဆွန်ခရန်ပွဲတော်ကာလ ယာဉ်ထိခိုက်မှု အထူးများပြားတတ်တာမို့ ပိုပြီးသတိထားကြဖို့ အာဏာပိုင်တွေက အလေးအနက်တိုက်တွန်းထားတာပါ။ ဒီနှစ် ပွဲတော် ပထမ ၃ ရက်အတွင်းမှာကို ယာဉ်တိုက်မှုကြောင့် လူပေါင်း ၁ ရာ ကျော် သေဆုံးရပြီး ဖြစ်ပါတယ်။

နာရာသီဝတ်ခရိုင်က သင်္ကြန်ပွဲ ဖြစ်ပါတယ်။ ကားတွေနဲ့ရော ခြေလျင်ပါ ရေပက်ခံထွက်ကြတာပါ။ ဧပြီ ၁၃၊ ၂၀၂၄