နှစ်ဆန်း ၁ ရက်၊ လွတ်မြောက်လာသူတွေထဲ နိုင်ငံရေးအကျဉ်းသားတချို့ပါဝင် 

Your browser doesn’t support HTML5

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာခဲ့ပြီးနောက် နိုင်ငံတဝန်း ထောင်တွေက အကျဉ်းသားတွေ လွတ်မြောက်လာကြပါတယ်။ ပြန်လွတ်လာသူတွေထဲမှာ နိုင်ငံရေးနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံထားရသူတချို့လည်း ပါဝင်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။