မြန်မာနယ်ခြားစပ်စောင့်တပ်ဖွဲ့ဝင် ၁၃ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေး
Your browser doesn’t support HTML5
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစပ်စောင့်တပ် BGF တပ်ဖွဲ့ဝင် ၁၃ ယောက် Cox's Bazar မှာရှိတဲ့ Teknaf နယ်ခြားကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံ ဝင်ရောက်လာတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရာရှိတွေက ဒီနေ့ ပြောဆိုပါတယ်။