ဒေါက်တာခလမ်ဆမ်ဆွမ်ထိမ်းသိမ်းခံရမှု ရှင်းရှင်းလင်းလင်းမရှိသေး

Your browser doesn’t support HTML5

နှစ်ဆန်းတရက်နေ့က လွတ်ငြိမ်းခွင့်ပေးပြီးမှ ဒေါက်တာခလမ်ဆမ်ဆွမ်ကိုငြိမ်းချမ်းရေးမှာကူညီဖို့ဆိုပြီး စစ်ကောင်စီက ပြန်လည်ခေါ်ယူထားတာ တလနီးပါးရှိနေပေမဲ့လို့ ဘယ်လိုအခန်းကနေပါဝင်မလဲဆိုတာက ခုအချိန်အထိ ရှင်းရှင်းလင်းမသိရဘူးလို့ ကချင်ဘာသာရေးအဖွဲ့တွေ၊ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။