ဖိလစ်ပိုင် ငါးဖမ်းလှေအုပ်စု တောင်တရုတ်ပင်လယ် အငြင်းပွားနယ်မြေသွားရောက်

Your browser doesn’t support HTML5

ဖိလစ်ပိုင် ငါးဖမ်းစက်လှေ ဒါဇင်နဲ့ချီပြီး တောင်တရုတ်ပင်လယ်အတွင်း တရုတ်ဘက်က ထိန်းချုပ်ထားတဲ့ ရေပြင်ပိုင်နက်ဘက်ကို ဒီကနေ့ ဦးတည် သွားရောက်ခဲ့ကြပါတယ်။ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ ဒေသတွင်းမှာ လွတ်လပ်စွာသွားလာနိုင်တဲ့ အခွင့်အရေးကိုလည်း ကျင့်သုံးတဲ့အနေနဲ့ ငါးဖမ်းစက်လှေတွေ အခုလို သွားရောက်တာပါ။