ညောင်လေးပင်နဲ့ တောင်ငူမှာ လက်နက်ကြီးကြောင့် ၆ ဦးသေဆုံး

Your browser doesn’t support HTML5

ပဲခူးတိုင်း ညောင်လေးပင်ခရိုင်နဲ့ တောင်ငူခရိုင်တွေမှာ စစ်ကောင်စီတပ်တွေ လက်နက်ကြီးနဲ့ပစ်လို့ ၆ ယောက် သေဆုံးခဲ့ပါတယ်။ ခရိုင် ၂ ခုထဲမှာ ထိခိုက်ဒဏ်ရာရသူကလည်း ၁၂ ယောက်ယောက်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြေမြှုပ်မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးသူတွေလည်း ၁၀ ဦးထက်မနည်းရှိပါတယ်။