စစ်ကောင်စီ တပ်စခန်း ၁၀ ခုထက်မနည်း သိမ်းပိုက်ခဲ့ကြောင်း KIA ကြေညာ

Your browser doesn’t support HTML5

ကချင်ပြည်နယ် လိုင်ဇာနဲ့ ဝိုင်းမော်အကြားက စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ဒီသီတင်းပတ်ကုန်က ပူးပေါင်းတပ်တွေနဲ့အတူ တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း KIA ကပြောပါတယ်။ တချိန်တည်းမှာပဲ ဝိုင်းမော်မြို့မှာ စစ်ရေးတင်းမာနေပြီး၊ ပူတာအို၊ မိုးမောက်၊ မံစီဘက်မှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။