ကချင်ပြည်နယ်၊ ဝိုင်းမော် တိုက်ပွဲတွေကြား အရပ်သားတချို့ ထိခိုက်သေဆုံး

Your browser doesn’t support HTML5

စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် KIA ကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ လက်နက်ကြီးကျည်ထိမှန်ပြီး ရွာသား ၆ ယောက် သေဆုံးပြီး၊ အများအပြား ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် လုံခြုံရေးစိုးရိမ်တဲ့ ဒေသခံတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။