ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပေါ်ပေါက်မယ့်အရေး အမေရိကန်သတိပေး

Your browser doesn’t support HTML5

ရခိုင်ပြည်နယ်အတွင်း မြို့တွေ မီးရှို့ခံရတာ ရိုဟင်ဂျာတွေသာမက ဒေသနေ ပြည်သူတွေ အိမ်ယာစွန့်ခွာရတာတွေ တိုးလာပြီး အကြမ်းဖက်မှုနဲ့ လူမှု အသိုက်အဝန်းများအကြား တင်းမာမှုတွေတိုးလာတဲ့ သတင်းတွေကြောင့် အမေရိကန်ကစိုးရိမ်တဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။