WAN-IFRA သတင်းဆု ချီးမြှင့်ခံရတဲ့ KIC အယ်ဒီတာချုပ် နန်းဖော့ဂေ

Your browser doesn’t support HTML5

Women in News Editorial Leadership ဆုကို အရှေ့တောင်အာရှဒေသ ကိုယ်စားပြု ချီးမြှင့်ခံရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူရသလို၊ မြန်မာသာမက အရှေ့တောင်အာရှဒေသက အမျိုးသမီး သတင်းထောက်တွေနဲ့ပါ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ အင်အား အများကြီး ဖြစ်စေတယ်လို့ ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေ က ပြောပါတယ်။

WAN-IFRA သတင်းဆု ချီးမြှင့်ခံရတဲ့ KIC အယ်ဒီတာချုပ် နန်းဖော့ဂေ

သတင်းမီဒီယာလုပ်ငန်းတွေမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကို ကမ္ဘာ့သတင်းစာများနဲ့ သတင်းစာထုတ်ဝေသူများ အဖွဲ့ (WAN-IFRA) က ဂုဏ်ပြုတဲ့ ၂၀၂၄ ခုနှစ်အတွက် Women in News Editorial Leadership ဆုကို အရှေ့တောင်အာရှဒေသ ကိုယ်စားပြု ချီးမြှင့်ခံရတဲ့အတွက် အထူးဝမ်းသာ ဂုဏ်ယူရသလို၊ မြန်မာသာမက အရှေ့တောင်အာရှဒေသက အမျိုးသမီး သတင်းထောက်တွေနဲ့ပါ ချိတ်ဆက် လုပ်ဆောင်နိုင်ဖို့ အင်အား အများကြီး ဖြစ်စေတယ်လို့ ကရင်သတင်းဌာန (KIC) အယ်ဒီတာချုပ် နန်းဖော့ဂေ က ပြောပါတယ်။ WAN-IFRA သတင်းဆု ဆုချီးမြှင့်ခံရတဲ့ အကြောင်းနဲ့အတူ လွတ်လပ်တဲ့ သတင်းမီဒီယာတွေ ဘယ်လို အခက်အခဲတွေကြား လုပ်ငန်းတွေ လည်ပတ်နေကြသလဲ ဆိုတာကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက မေးမြန်းထားပါတယ်။