နော်ဝေကျွန်းရောင်းချမှု တရုတ်ဝယ်လက်တွေစိတ်ဝင်စား

Your browser doesn’t support HTML5

နော်ဝေနိုင်ငံနားက ပုဂ္ဂလိကပိုင်ကျွန်းတခုကို လေလံတင်ရောင်းချဖို့ ကျွန်းပိုင်ရှင်က ကြိုးပမ်းနေပြီး တရုတ်ဝယ်လက်တွေက အထူးစိတ်ဝင်စားနေတဲ့အကြောင်း လေလံပွဲတာဝန်ယူထားတဲ့ ရှေ့နေက ပြောပါတယ်။ အာတိတ်သမုဒ္ဒရာအတွင်း အချက်အချာကျတဲ့နေရာက ဒီကျွန်းရောင်းချမှုဟာ နော်ဝေနဲ့ နေတိုးအဖွဲ့အတွက် ခေါင်းခဲစရာဖြစ်နေပါတယ်။