နွေဦးတော်လှန်ရေးနဲ့ PVTV ရုပ်သံ

Your browser doesn’t support HTML5

PVTV ရုပ်သံဌာနဟာ နွေဦးတော်လှန်ရေးနဲ့အတူပေါ်လာခဲ့တဲ့ သတင်းဌာနတခုဖြစ်သလို မြန်မာနိုင်ငံအနှံ့က မြေပြင်သတင်းတွေကို အထူးပြုတင်ဆက်နေတာဖြစ်ပါတယ်။ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ သတင်းဌာနဖြစ်ပေမဲ့ သတင်းတည်းဖြတ်တင်ဆက်မှုပိုင်းမှာ သီးခြားလွတ်လပ်တဲ့အသွင်ဆောင်တယ်လို့ PVTV တာဝန်ခံ ဦးနေဘုန်းလတ်က ပြောပါတယ်။