ကရင်နီဒေသ ဒုက္ခသည်တွေ မိုးတွင်းကာလ အရေးပေါ်အကူအညီလို

Your browser doesn’t support HTML5

စစ်ဒဏ်သင့် ကရင်နီဒေသမှာ နေရပ်စွန့်ခွာနေကြရတဲ့ ဒုက္ခသည်တွေ မိုးတွင်းကာလမှာ လုံခြုံတဲ့ ခိုလှုံစရာတွေ အရေးတကြီး လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။ လတ်တလော တောတောင်တွေထဲမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်ကြသူတွေ မကြာသေးခင်က မိုးဒဏ်၊ လေဒဏ်ကြောင့် အခက်တွေ့နေကြရတာပါ။