လိင်ဖျော်ဖြေရေးမယ်နှုတ်ပိတ်ခပေးတဲ့အမှု Trump မှာ အပြစ်ရှိကြောင်းဆုံးဖြတ်
Your browser doesn’t support HTML5
tမေရိကန်သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင်ကို နှုတ်ပိတ်ခပေးခဲ့တဲ့အမှုနဲ့ ၂၀၁၆ ရွေးကောက်ပွဲရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့ တရားမဝင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပါအဝင် ရာဇဝတ်မှုစွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။