ကမ္ဘာတလွှား အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူ သန်း ၁၀၀ ကျော်ရှိနေ (ကုလသမဂ္ဂ)

Your browser doesn’t support HTML5

မြန်မာအပါအဝင် ကမ္ဘာတဝန်းမှာ စစ်ပွဲ၊ အကြမ်းဖက်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူအရေအတွက်ဟာ ၁၁၄ သန်းအထိ တိုးမြင့်လာနေပြီး အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပျက်ကွက်နေကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲ ဖိလစ်ပို ဂရန်ဒီ (Filippo Grandi) က ပြောလိုက်ပါတယ်။