ငွေကြေးမတည်ငြိမ်မှုအတွက် လူ ၃၅ ယောက်ထက်မနည်းကို စစ်ကောင်စီဖမ်းဆီး

Your browser doesn’t support HTML5

မြန်မာကျပ်ငွေ ထိုးကျပြီး ပြင်ပ နိုင်ငံခြားငွေဈေးနဲ့ ရွေဈေး ဆန်ချိန်တင်လောက်အောင် တက်သွားတာကို ထိန်းချုပ်ဖို့ ရွှေနဲ့ ဒေါ်လာ တရားမဝင် ရောင်းဝယ်သူ၊ ထိုင်းနိုင်ငံမှာ ကွန်ဒိုတိုက်ခန်းရောင်းဝယ်သူတွေ အပါအဝင် အနည်းဆုံး ၃၅ ယောက်ကို ပြီးခဲ့တဲ့ ၂ ရက်အတွင်း ဖမ်းဆီး စိစစ်နေတဲ့အကြောင်း စစ်ကောင်စီက ကြေညာပါတယ်။