ဆေးလိပ် ဆေးရွက်ကြီး အန္တရာယ်နဲ့ လူငယ်ကဏ္ဍ
ဒီနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့မှာ လူငယ်တွေအတွက် အဓိကထားလာချိန်၊ လူငယ်အခန်းကဏ္ဍ ဘယ်လိုရှိလာပါလဲ၊ ဘာကြောင့်ပါလဲ။ မေလ ၃၁ရက်နေ့က ကျရောက်ခဲ့တဲ့ ဒီနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့မှာ လူငယ်ထုကာကွယ်ရေး အဓိကထားလာချိန်၊ လူငယ်တွေကိုယ်တိုင်လည်း ဦးဆောင်လှုပ်ရှားလာတယ်လို့ ကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။