ဘာတာစနစ် အလုပ်ဖြစ်ပါ့မလား 

Your browser doesn’t support HTML5

ရွှေဆိုင်ပိုင်ရှင်တွေထဲ အဖမ်းခံတဲ့သူခံရ၊ ထွက်ပြေးတဲ့သူက ပြေးနဲ့  စီးပွါးရေးလောကမှာ ကျီးလန့်စာစား ဝရုန်းသုန်းကားဖြစ်နေချိန်မှာပဲ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါ ဘာတာစနစ်ကိုကျင့်သုံးရမယ်ဆိုတဲ့ ကြေညာချက်ကို ကုန်သည်ကြီးများနဲ့ စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ထုတ်ပြန်ပါတယ်။

ဘာတာစနစ် အလုပ်ဖြစ်ပါ့မလား

ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးတွေ စံချိန်တင် မြင့်တက်ခဲ့ပါတယ်။ ဈေးကစားတယ်လို့ဆိုပြီး ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းပါတယ်။ ရွှေဆိုင်ပိုင်ရှင်တွေထဲ အဖမ်းခံတဲ့သူခံရ၊ ထွက်ပြေးတဲ့သူက ပြေးနဲ့ စီးပွါးရေးလောကမှာ ကျီးလန့်စာစား ဝရုန်းသုန်းကားဖြစ်နေချိန်မှာပဲ ကုန်သွယ်ဖက်နိုင်ငံတွေနဲ့ ကုန်သွယ်တဲ့အခါ ဘာတာစနစ်ကို ကျင့်သုံးရမယ်ဆိုတဲ့ ကြေညာချက်ကို ကုန်သည်ကြီးများနဲ့ စက်မှု၊ လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ထုတ်ပြန်ပါတယ်။ ဘာကြောင့် ကုန်သွယ်ရေးမှာ ဘာတာ စနစ် ကျင့်သုံးရတာပါလဲ။ ဘာတာစနစ်ကျင့်သုံးရင် ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်လာနိုင်ပါသလဲ။ ဒီအကြောင်းကို ကမ္ဘာ့၊ မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က တင်ပြထားပါတယ်။