ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦး နိုင်ငံကူးလက်မှတ် ဟောင်ကောင်အစိုးရပယ်ဖျက်

Your browser doesn’t support HTML5

ဟောင်ကောင်ဒီမိုကရေစီရေးလှုပ်ရှားသူ ၆ ဦးရဲ့ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်ကို ဟောင်ကောင်အစိုးရက ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ ပယ်ဖျက်လိုက်ပါတယ်။ နိုင်ငံရပ်ခြားမှာ အခြေစိုက်နေထိုင်သူ ဒီမိုကရေစီရေးလှုပ်ရှားသူတွေကို နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ အခုလို အရေးယူတာလည်း ဖြစ်ပါတယ်။