ရုရှားစစ်သင်္ဘောနဲ့ နျူစွမ်းအင်သုံးရေငုပ်သင်္ဘော ကျူးဘားဆိုက်ရောက်

Your browser doesn’t support HTML5

ရုရှားရေတပ်ရဲ့ ဖရီးဂိတ်စစ်သင်္ဘောတစီးနဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတစီး ကျူးဘားနိုင်ငံ ဟာဗားနားဆိပ်ကမ်းကို ဗုဒ္ဓဟူးနေ့ (ဇွန် ၁၂ ရက်) က ဆိုက်ရောက်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။