အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး UK ကိုယ်စားလှယ်အဖွဲ့နဲ့ မြန်မာ့အရေး နော်ဝေမှာ ဆွေးနွေး

Your browser doesn’t support HTML5

မြန်မာနိုင်ငံအရေး အာဆီယံ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ ဆောင်ရွက်ချက်တွေကို ကူညီထောက်ခံပေးဖို့ UK နိုင်ငံ ကိုယ်စားလှယ်အဖွဲ့နဲ့ နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တဲ့အကြောင်း အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi က X လူမှုကွန်ယက်မှာ မနေ့ ဇွန်လ ၁၂ ရက်နေ့က ရေးသားထားပါတယ်။