စစ်ကိုင်းတိုင်းအတွင်း စစ်မှုထမ်းဖို့ အသက်မပြည့်သူ လူငယ်တွေပါ အဓမ္မ ဖမ်းဆီးခံနေရ

Your browser doesn’t support HTML5

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က ကျေးရွာ ၃ ရွာကို စစ်ကောင်စီတပ်က ဇွန်လ ၁၂ ရက် မနေ့က စစ်ကြောင်းနဲ့ ဝင်ရောက်ပြီး စစ်မှုထမ်းဖို့အတွက် အမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။