မြန်မာ့အရေးပိုထောက်ခံဖို့ အမေရိကန်အစိုးရကို Mitch McConnell တိုက်တွန်း
Your browser doesn’t support HTML5
မြန်မာပြည်သူတွေရဲ့ ရဲရင့်စွန့်လွှတ်တဲ့ လွတ်မြောက်ရေးတိုက်ပွဲကို အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံအားပေးဖို့ အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell က မနေ့ညက ကမ္ဘာတဝန်းဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးက ကျင်းပတဲ့ ၂၀၂၄ ခုနှစ်အတွက် ဒီမိုကရေစီပံ့ပိုးကူညီမှု ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်တဲ့အခမ်းအနားမှာ တိုက်တွန်း ပြောဆိုသွားပါတယ်။