ဂါဇာစစ်ကြီးကြပ်ရေးအဖွဲ့ အစ္စရေးဝန်ကြီးချုပ်ဖျက်သိမ်း

Your browser doesn’t support HTML5

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ကသူ့ရဲ့ ဂါဇာ စစ်ကြီးကြပ်ရေးအဖွဲ့ကို တနင်္လာနေ့မှာ ဖျက်သိမ်းလိုက်တယ်လို့ အစ္စရေးအရာရှိတဦးက ပြောပါတယ်။ ဗဟိုဝါဒီတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း Benny Gantz ပြီးခဲ့တဲ့သီတင်းပတ်မှာ နုတ်ထွက်သွားပြီးတဲ့နောက် ဒါဟာ မျှော်လင့်ထားပြီးသား ဆုံးဖြတ်ချက်တခုလည်းဖြစ်ပါတယ်။