ဆန်စျေးနှုန်းမြင့်တက်လို့ဆိုပြီး ဆန်ကုန်သည်တွေ စစ်ကောင်စီဖမ်းဆီး
Your browser doesn’t support HTML5
ဆန်စျေးနှုန်းတွေမြင့်တက်လာလို့ မြန်မာနိုင်ငံ ဆန်အသင်းချုပ်(MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင် ဒုဥက္ကဋ္ဌ ဦးလူမော်မြင့်မောင်၊ ဦးနေလင်းဇင် အပါအဝင် ဘုရင့်နောင်ကုန်စည်ဒိုင်မှ ဆန်ကုန်သည်များကို ဖမ်းဆီးထားပါတယ်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ထိပ်ပိုင်းခေါင်းဆောင် တဦးကို Farmer Times Media က မေးမြန်းထားပါတယ်။