ရဲလက်ချက်နဲ့ သေဆုံးသူ ကရင်လူငယ်အမှုမှန်ပေါ်ရေး မိသားစုနဲ့ မိတ်ဆွေတွေတောင်းဆို

Your browser doesn’t support HTML5

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ယူတီကာ (Utica) မြို့မှာ အသက် ၁၃ နှစ်အရွယ် ကရင်လူငယ်တဦးဟာ ရဲတပ်ဖွဲ့ဝင်တွေ စစ်ဆေးနေစဉ် ပစ်ခတ်မှုဖြစ်ရာက ဇွန်လ ၂၈ ရက်၊ သောကြာနေ့ည နှောင်းပိုင်းမှာ သေဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အသေအချာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ မြို့တော်ဝန်က ပြောကြားလိုက်ပါတယ်။