ဂုတ်ထိပ်တံတား TNLA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူ

Your browser doesn’t support HTML5

ရှမ်းပြည်နယ် နောင်ချိုမြို့နားက မန္တလေး-လားရှိုး ရထားလမ်းပေါ်က နာမည်ကျော် ဂုတ်ထိပ်တံတားကို TNLA နဲ့ပူးပေါင်းတပ်တွေ သိမ်းပိုက်လိုက်ပါတယ်။ ဇူလိုင် ၄ ရက် ကြာသပတေးနေ့က သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဂုတ်တွင်းကားလမ်းတဝိုက်မှာတော့ တိုက်ပွဲတွေ ဆက်ပြီးဖြစ်နေပါတယ်။