တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ မူးယစ်ဆေးတင်သွင်းမှု ထိုင်းဝေဖန်

Your browser doesn’t support HTML5

မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ သူတို့ရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး တော်လှန်တိုက်ပွဲအတွက် ဝင်ငွေရှာတဲ့အနေနဲ့ တရားမဝင် မူးယစ်ဆေးဝါးတွေ တိုးမြှင့် ထုတ်လုပ်ပြီး ထိုင်းနိုင်ငံထဲကို တင်သွင်း ရောင်းချတာတွေ ပိုလုပ်လာနေတယ်လို့ ထိုင်းစစ်တပ် အကြီးတန်း အရာရှိတဦးက မနေ့က ပြောဆိုပါတယ်။