လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှု လူ ၈ ဦး ပျောက်ဆုံးနေ

လှိုင်မြစ်တွင် သမ္ဗန်တိုက်မှုဖြစ်ပွါး၍ ပါဝင် ၁၆ ယောက် ၈ယောက်ပျောက်ဆုံး ဆက်လက်ရှာဖွေဆဲ- ဇူလိုင် ၁၀, ၂၀၂၄ ဓါတ်ပုံ- ရောင်စဉ်မဲ့ လူမှုကူညီရေးအသင်း/ Facebook

ဇူလိုင်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြစ်အတွင်း သဗ္ဗန်တိမ်းမှောက်တာကြောင့် သဗ္ဗာန်ပေါ်လိုက်ပါလာသူ ၁၆ ဦး အနက် ၈ ဦးပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေတဲ့ ၈ ဦးထဲမှာ ကျောင်းသား ၃ ဦးလည်းပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။ ဗွီအိုအေအနေနဲ့ ပျောက်ဆုံးနေသူ အရေအတွက်နဲ့ပတ်သက်လို့ စုံစမ်းနေဆဲဖြစ်ပါတယ်။

တိမ်းမှောက်တဲ့ သဗ္ဗန်ဟာ ရန်ကုန်မြို့ ကြည့်မြင်တိုင် တဖက်ကမ်းကနေ ဗားကရာဆိပ်ကမ်းကိုကူးသန်းချိန် လှိုင်မြစ်အတွင်းက တွဲသင်္ဘောနဲ့တိုက်မိပြီး တိမ်းမှောက်သွားတာလည်းဖြစ်ပါတယ်။

တိမ်းမှောက်ချိန် ရေထဲကျသွားသူတွေကို အနီးနားက သဗ္ဗန်သမားတွေနဲ့ ရေကြောင်းရဲတပ်ဖွဲ့က ကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးခဲ့ပြီး သဗ္ဗန်မောင်းနှင်သူကို ရေကြောင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့လည်း ကယ်ဆယ်ရေးလုပ်ငန်းတွေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။

Your browser doesn’t support HTML5

လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှု လူ ၈ ဦး ပျောက်ဆုံးနေ