လောက်ကိုင်မှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေ

Your browser doesn’t support HTML5

လားရှိုးမြို့ကို ကိုးကန့်တပ်ဖွဲ့ MNDAA စတင် တိုက်ခိုက်တဲ့ ဇူလိုင် ၃ ရက်ကစပြီး ကိုးကန့်ဒေသ လောက်ကိုင်မြို့မှာ တရုတ်ဖုန်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်သွားပါတယ်။ အခုဆိုရင် ဆက်သွယ်ရေး ပြတ်တောက်နေတာ တပတ်နီးပါးရှိကြောင်း လောက်ကိုင်မြို့ကို ဝင်ထွက်နေတဲ့ ရှမ်းမြောက်ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။