လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်မှု လူ ၈ ဦး ပျောက်ဆုံးနေ

Your browser doesn’t support HTML5

ဇွန်လ ၁၀ ရက် ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း လှိုင်မြစ်အတွင်း သမ္ဗန်တိမ်းမှောက်တာကြောင့် သမ္ဗာန်ပေါ်လိုက်ပါလာသူ ၁၆ ဦး အနက် ၈ ဦးပျောက်ဆုံးနေပါတယ်။ ပျောက်ဆုံးနေတဲ့ ၈ ဦးထဲမှာ ကျောင်းသား ၃ ဦးလည်းပါဝင်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လုပ်နေတယ်လို့ မျက်မြင်သက်သေတချို့က ပြောပါတယ်။