ဒုက္ခသည်တွေကို လူသားဒိုင်းအဖြစ်အသုံးပြုမှု စစ်ကောင်စီကို နိုင်ငံတကာဝေဖန်

Your browser doesn’t support HTML5

မြန်မာစစ်ကောင်စီဟာ ပြည်တွင်းစစ်ရှောင်ဒုက္ခသည်စခန်းတွေကို ထိန်းချုပ်ပြီး ဒုက္ခသည်တွေကို လူသားဒိုင်းတွေလို အသုံးချနေတယ်လို့ အမေရိကန်နိုင်ငံကပြောပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် လက်ထောက် သံအမတ်ကြီး Robert Wood က ကုလသမဂ္ဂမှာ တနင်္လာနေ့က အဲဒီလို စွပ်စွဲပြောဆိုခဲ့တာပါ။