အင်ဒိုနီးရှားမှာကျင်းပတဲ့ အကြီးဆုံးကားပြပွဲ

Your browser doesn’t support HTML5

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာအနီးမှာ ကျင်းပတဲ့ နိုင်ငံတကာ ကား ပြပွဲတစ်ခုမှာ ကားထုတ်လုပ်သူတွေဟာ နောက်ဆုံးပေါ်နည်းပညာသုံး ကားတွေကို ပြသထားပါတယ်။ GAIKINDO အင်ဒိုနီးရှားအပြည်ပြည်ဆိုင်ရာ ကားပြပွဲ (GIIAS) မှာ ကား ကုမ္ပဏီပေါင်း ၅၀ ကျော်က လျှပ်စစ်ကားတွေကို ပြသထားတာဖြစ်ပါတယ်။