ကန့်ဘလူမြို့နယ် စစ်ကောင်စီ စစ်ဆင်ရေးအတွင်း ဒေသခံ ထိခိုက်သေဆုံးမှုတွေရှိ

Your browser doesn’t support HTML5

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ပြီးခဲ့တဲ့ သီတင်းပတ်ကစ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေအတွင်း ကျေးရွာသားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ နေရပ်စွန့်ခွာရတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ဆင်ရေးတွေအတွင်း ကျေးရွာတွေက နေအိမ်ရာနဲ့ချီ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။