နယူးယောက်မြို့က Dating အပြေးကလပ်

Your browser doesn’t support HTML5

နယူးယောက်မြို့က အပြေးလေ့ကျင့်တဲ့ကလပ်တခုကို ကျန်းမာရေးအတွက်တင်သာမကပဲ ချစ်သူရည်းစားရှာချင်သူတွေအတွက်လည်း ရည်ရွယ်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ လူရာနဲ့ချီ ဗုဒ္ဓဟူးနေ့တိုင်း ၃ မိုင်ပြေးပြီးတဲ့အခါ ဘားဆိုင်တွေမှာထိုင်ပြီး ဘဝလက်တွဲဖော်ရှာဖို့ ဒါမှမဟုတ်လည်း အသိအကျွမ်းမိတ်ဆွေဖွဲ့ဖို့ အချိန်ရကြမှာဖြစ်ပါတယ်။