ရခိုင်ပြည်နယ်တွင်း ရေလွှမ်းမိုးမှု မိုးစပါးစိုက်ခင်းများပျက်စီး  

Your browser doesn’t support HTML5

တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်တွင်း လယ်သမားအတော်များများဟာ ဒီနှစ်စပါးစိုက်ပျိုးရာသီမှာ လယ်ဧက တချို့တဝက်လောက်ကိုပဲ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ဒီအချိန်မှာပဲ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံမြို့နယ် တွေမှာ ဒီလဆန်းပိုင်း ရေကြီးရေလျှံတာကြောင့် စပါးစိုက်ခင်းတွေ ပျက်စီးတာတွေရှိခဲ့ပါတယ်။