လူမျိုးရေးမခွဲခြားဖို့ ဗြိတိန်မှာ ထောင်ချီဆန္ဒပြ တောင်းဆို

Your browser doesn’t support HTML5

ဗြိတိန်နိုင်ငံ တလွားမှာ စနေနေ့က လူမျိုးရေးခွဲခြားမှု မရှိစေဖို့ ထောင်နဲ့ချီပြီး တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။ မိန်းကလေးငယ် ၃ ဦး ဓါးထိုး အသတ်ဖြတ်ခံရတဲ့နောက် လက်ယာစွန်းရောက်သူ တွေက မွတ်စလင်တွေနဲ့ ပြောင်းရွှေ့ အခြေချသူတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွါးလာတာကို ဆန္ဒပြကြတာ ဖြစ်ပါတယ်။