ရခိုင်ပြည်နယ် တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ဘေးလွတ်ရာတိမ်းရှောင်

Your browser doesn’t support HTML5

သံတွဲ၊ ဂွနဲ့ မြောက်ပိုင်းက မောင်တော မှာ စစ်ကောင်စီနဲ့ AA ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ အကဲခတ်တွေက ပြောပါတယ်။ ဒီရက်ပိုင်းမှာ စစ်ရေးပဋိပက္ခတွေ ပြင်းထန်လာတဲ့ ဂွမြို့မှာတော့ မြို့ခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေရသလို၊ ဆေးရုံလုပ်ငန်းတွေပါ ရပ်ဆိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။