ဖားကန့်တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ တိမ်းရှောင်

Your browser doesn’t support HTML5

ကချင်ပြည်နယ်က ကျောက်စိမ်းထွက်ရာ ဖားကန့်ဒေသ အခြေစိုက် စစ်ကောင်စီရဲ့ စခန်းတချို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး စစ်ကောင်စီကလည်း လေကြောင်းကပါ တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ထောင်ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတာပါ။