3D ပရင်တာနဲ့ဖန်တီးထားတဲ့ အိမ်များ

Your browser doesn’t support HTML5

၄၅ ပေထိကြီးမားကျယ်ပြန့်တဲ့ 3D သုံးဖက်မြင် ပရင်တာနဲ့ ဖန်တီးထုတ်လုပ်ထားတဲ့ အိမ်နံရံတွေက ပြင်းထန်တဲ့ Texas ပြည်နယ်ရဲ့ အပူဒဏ်ကိုခံနိုင်ပြီးထူထဲတဲ့ ကွန်ကရစ်နံရံတွေနဲ့ဆောက်လုပ်ထားတဲ့ ဒီအိမ်တွေကို အိမ်ပိုင်ရှင်အများစုက သဘောကျ ကြပါတယ်။  Reuters သတင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ကိုစံကျော် ပြောပြပါမယ်။

ဒီနှစ်နွေရာသီမှာတော့ ၄၅ ပေထိ ကြီးမားကျယ်ပြန့်တဲ့ 3D သုံးဘက်မြင် ပရင်တာကြီးနဲ့ပုံနှိပ်ပြီး ဖန်တီးဆောက်လုပ်နေတဲ့ အော်စတင်မြို့ရဲ့အဝေး မိုင် ၃၀ နီးပါးအကွာမှာရှိတဲ့ Texas ပြည်နယ် Georgetown ရပ်ကွက်က 3D ပုံနှိပ်အိမ် အလုံးရေတစ်ရာစီမံကိန်းရဲ့ နောက်ဆုံးကျန်ရှိနေတဲ့အိမ်တွေကို အပြီးသတ်ဆောက်လုပ်ဖို့ အိမ်ရာဆောက်လုပ်ရေးကုန်မဏီက စီစဉ်လို့နေပါတယ်။

ခြောက်သွေ့ပူပြင်းလွန်းတဲ့ Texas ပြည်နယ်ရဲ့ အပူရှိန်ဒဏ်ကို အကာအကွယ်ပေးပြီး အိမ်အတွင်းအေးမြမှုကိုဖန်တီးပေးနိုင်တဲ့ ထူထပ်တဲ့ ကွန်ကရစ်နံရံတွေနဲ့ဆောက်လုပ်ထားတဲ့ ဒီအိမ်တွေကိုလည်း အိမ်ပိုင်ရှင်အများစုက သဘောကျ နှစ်ခြိုက်လို့နေကြပါတယ်။ Reuters သတင်းဆောင်းပါးတစ်ပုဒ်ကို အခြေခံပြီး ကိုစံကျော် ပြောပြပါမယ်။