စစ်ကောင်စီအလွန် အင်အားစုတွေပြင်ထားသင့်

Your browser doesn’t support HTML5

လားရှိုးမြို့နဲ့ လားရှိုးအခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျဆုံးသွားခြင်းဟာ စစ်ရေးချိန်ခွင်လျှာကို အကြီးအကျယ်အလှည့်အပြောင်း ဖြစ်သွားစေတဲ့အပြင် စစ်ကောင်စီတပ်တွေအတွင်းမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။

လားရှိုးမြို့နဲ့ လားရှိုးအခြေစိုက် စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ကျဆုံးသွားခြင်းဟာ စစ်ရေးချိန်ခွင်လျှာကို အကြီးအကျယ်အလှည့်အပြောင်း ဖြစ်သွားစေတဲ့အပြင် စစ်ကောင်စီတပ်တွေအတွင်းမှာ စိတ်ဓာတ်ရေးရာ ပျက်ပြားမှုနဲ့ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်စေတယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီအတိုင်းသာ ဆက်သွားရင် စစ်ကောင်စီဟာ အနှေးနဲ့ အမြန်ကျဆုံးနိုင်တယ်လို့ အကဲခတ်တွေ တွက်ဆကြပါတယ်။ ဒါကြောင့် တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေးလွန်ကာလအတွက် အခြေခံနိုင်ငံရေး သဘောတူညီချက်တွေ ပါဝင်တဲ့ ကြေညာစာတမ်း တစ်ခုထုတ်ပြန်ဖို့ လိုအပ်နေတဲ့အကြောင်းကို ကမ္ဘာ့၊မြန်မာ့ မီဒီယာမြင်ကွင်းကဏ္ဍမှာ ဆောင်းပါးရှင် ပြည်သွေးနိုင်က ဆွေးနွေးတင်ပြထားပါတယ်။