အမေရိကန် ကျောင်းတွေမှာ ဖုန်းသုံးခွင့်ကန့်သတ်လာ

Your browser doesn’t support HTML5

အမေရိကန် စာသင်ကျောင်းတွေမှာ ဖုန်းအသုံးပြုခွင့်ပိတ်ပင်ဖို့ ဒါမှမဟုတ် စာသင်ချိန်အတွင်း ဖုန်းသုံးခွင့်မပေးဖို့ စည်းကမ်းသတ်မှတ်လာကြပါတယ်။ ဆိုရှယ်မီဒီယာဗွီဒီယိုတွေက လူငယ်ကျောင်းသားတွေအတွက် ဆိုးကျိုးသက်ရောက်စေကြောင်း ပညာရှင်တချို့က ထောက်ပြကြသလို စည်းကမ်းနဲ့အညီ အသုံးပြုခွင့်ပေးတာကို လက်ခံသူတွေလည်းရှိပါတယ်။

အမေရိကန် စာသင်ကျောင်းတွေမှာ ဖုန်းအသုံးပြုခွင့်ပိတ်ပင်ဖို့ ဒါမှမဟုတ် စာသင်ချိန်အတွင်း ဖုန်းသုံးခွင့်မပေးဖို့ အခုအခါ စည်းကမ်းထုတ်သတ်မှတ်လာကြပါတယ်။ ဆိုရှယ်မီဒီယာ ကွန်ယက်တွေမှာ အကြောင်းအရာပေါင်းစုံနဲ့ ပတ်သတ်တဲ့ ဗီဒီယိုတွေတင်တာကြောင့် အထူးသဖြင့် လူငယ် ကျောင်းသားတွေအတွက် ဆိုးကျိုးသက်ရောက်စေကြောင်းလည်း ပညာရှင်တချို့က ထောက်ပြကြသလို တချို့ကတော့လည်း စည်းကမ်းနဲ့အညီ အသုံးပြုခွင့်ပေးတာကို ကြိုက်နှစ်သက်ကြပါတယ်။ ဖုန်း အသုံးပြုခွင့် ပေးရေး မပေးရေး AP သတင်းကို အခြေခံပြီး ကိုအောင်အောင် တင်ပြထားပါတယ်။