ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဩဂုတ်လ ၂၈ ကနေ စက်တင်ဘာ ၈ အထိ ကျင်းပမယ့် မသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲမှာ ဒုက္ခသည်များ အဖွဲ့က အားကစားသမားတွေ ဟာ မျှော်လင့်ချက် ဆိုတဲ့ သတင်းစကားကို အဓိကအားဖြင့် ပါးကြမှာပါ။ ပဋိပက္ခတွေကနေ ထွက်ပြေးခဲ့ကြရတဲ့ ဒီဒုက္ခသည် မသန်စွမ်း အားကစားသမား တွေ ဟာ အပြေး ၊ အလေးမ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို၊ ဘီးတပ်ကုလားထိုင်ပေါ်က ဓားပြိုင်ပွဲ၊ နဲ့ သုံးမျိုးပြိုင်ပွဲတွေ မှာ သူတို့ ဆုရဖို့ မှန်းထားကြပါတယ်။ အေပီ သတင်းဆောင်းပါးကို ဦးတင်မောင်သန်းက ပြောပြမှာပါ။
မသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နေတဲ့ ဒုက္ခသည်များ အားကစားအဖွဲ့
Your browser doesn’t support HTML5
ပြင်သစ်နိုင်ငံ ပါရီမြို့မှာ ဩဂုတ်လ ၂၈ ကနေ စက်တင်ဘာ ၈ အထိ ကျင်းပမယ့် မသန်စွမ်းသူများ အိုလံပစ်ပြိုင်ပွဲမှာ အပြေး ၊ အလေးမ၊ စားပွဲတင် တင်းနစ်၊ တိုက်ကွမ်ဒို စတဲ့အားကစားတွေမှာ ပါဝင်ယှဉ်ပြိုင်မဲ့ ဒုက္ခသည်များ အဖွဲ့က အားကစားသမားတွေဟာ မျှော်လင့်ချက် ဆိုတဲ့ သတင်းစကားကို အဓိကအားဖြင့် ပါးကြမှာပါ။