၁၉၉၃ ခုနှစ် နွေရာသီကာလက အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်မှာရှိတဲ့ နွေရာသီစခန်းတခုမှာ အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ အမေရိကန် လူငယ် ၄၆ ယောက် အတူ ဆုံဆည်းခဲ့ကြဖူးပါတယ်။ အဲ့ဒီလို နှစ်စဥ်ဆုံနိုင်ဖို့ အစပျိုးခဲ့သူကတော့ သတင်းသမား တဦးလည်းဖြစ်၊ စာရေးဆရာ တဦးလည်းဖြစ်တဲ့ John Wallach ပါ။ စစ်ပွဲတွေကြား ရှင်သန်ရတဲ့ လူငယ်ကလေးငယ်တွေကို လုံခြုံမှုရှိတဲ့ အနာဂတ်တခု တည်ဆောက်နိုင်အောင် အခွင့်အလမ်း ဖန်တီးပေးဖို့ ရည်ရွယ်ပြီး Wallach က ဒီအစီအစဥ်ကို စခဲ့တာပါ။ ဒီအကြောင်း Jeff Swicord ပေးပို့တဲ့သတင်းကို မခင်ဖြူထွေးက တင်ပြပေးပါမယ်။
ပဋိပက္ခ ဒေသတွေက လူငယ်တွေ ဆုံဆည်းကြတဲ့အစီအစဉ်
Your browser doesn’t support HTML5
အမေရိကန်ပြည်ထောင်စု မိန်းပြည်နယ်မှာရှိတဲ့ နွေရာသီစခန်းတခုမှာ အစ္စရေး၊ ပါလက်စတိုင်း၊ အီဂျစ်နဲ့ အမေရိကန် လူငယ် ၄၆ ယောက်တို့ ၁၉၉၃ ခုနှစ်ကတခါ ဆုံဆည်းခဲ့ကြဖူးပါတယ်။ စစ်ပွဲကြား က လူငယ်တွေကို လုံခြုံတဲ့ အနာဂတ်တခု တည်ဆောက်နိုင်အောင် အခွင့်အလမ်း ဖန်တီးပေးဖို့ ရည်ရွယ်ပြီး Wallach က ဒီအစီအစဥ်ကို စခဲ့တာပါ။