အန်ဘာ ကန္တာရထဲက IS နှိမ်နင်းရေး ကန်−အီရတ် ပူးတွဲ ထိုးစစ်ဆင်

Your browser doesn’t support HTML5

အီရတ်နိုင်ငံ အနောက်ပိုင်းက အန်ဘာ သဲကန္တာရထဲမှာ ခိုအောင်းနေတဲ့ IS အစ္စလမ်မစ် စစ်သွေးကြွတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့ အီရတ်တပ်ဖွဲ့တွေ ပူးတွဲ စစ်ဆင်ရေး လုပ်နေပါတယ်။ ကြာသပတေးနေ့ တိုက်ခိုက်မှုကနေ IS ၁၅ ဦးသေဆုံးပြီး၊ အမေရိကန်တပ်ဖွဲ့ဝင် ၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။